Manus က အရင်ကတည်းက နာမည်ကြီးတယ်။ သူ့ AI က အရင်ကတည်းက Data ရှာပြီး Excel ထဲ ထည့်ခိုင်းလို့ရတာတွေ၊ Browser တွေထဲ သွား ဒါတွေ ရှာခဲ့ ဆိုတာမျိုးလဲ လုပ်လို့ရတယ်။
အရမ်း အဆင့်များတဲ့ အလုပ်တွေလဲ လုပ်နိုင်သေးတယ် (ဉပမာ- ခရီးစဉ် တစ်ခု ရှိတယ် အဲအတွက် ဟိုတယ် ဘိုကင် လုပ်၊ စျေးတွေ နှိုင်းယှဉ် ၊ ဒေတာတွေ စု အဲလိုမျိုးတွေကို ) လူတစ်ယောက်လိုမျိုး လုပ်နိုင်တယ်။
Marketing မှာ Competitor Analysis လုပ်မယ်ဆို ဒီ website က စျေးတွေစောင့်ကြည့်ထား ၊ စျေးတက် စျေးကျ အကုန်လုံးကို Report ပြန်လုပ် အဓိက Retail ဆို အရမ်းအလုပ်ဖြစ်နိုင်တယ်။
ကျနော်ဆို အရင် Hotel Industry မှာ အလုပ်လုပ်တုန်းက Booking/ Agoda လို Platform တွေ ကိုင်ရတုန်းက ဆိုရင် ကိုယ့် ဟိုတယ် ဘေးနားရှိတဲ့ ဟိုတယ် စျေးတွေကို နေ့တိုင်း ဝင်ကြည့်ပြီး စျေးကို ပါးပါးလေး ကစားတာမျိုး လုပ်တဲ့ Strategy မျိုးသုံးဖူးတယ်။ အဲတော့ ဧည်သည်တွေက စျေးအရမ်းမကွာ တာမျိုးကို ရွေး Book တော့ ကိုယ်က inquiry ရတာ ပိုများတယ်။ အခု Manus လို AI က လုပ်ပေးနိုင်တယ်ဆိုရင် …. ဟဲဟဲ ပိုမြန်ဆန်သွားမှာ ပြောမနေနဲ့ပေါ့။
နောက်ပြီး Email ပို့တာ ၊ သုတေသန လုပ်တာတွေလဲ ခိုင်းလို့ရတယ်။
အခု Meta Family ထဲ တရားဝင်ရောက်လာပြီဆိုတော့ – Digital Marketing/Social Media Marketing မှာ ဒီအောက်က အကြောင်းအရာတွေ ဖြစ်လာနိုင်တယ် မှန်းလို့ရတယ်။
Community Management လို့ခေါ်တဲ့ Role တွေ မလိုတာမျိုး ဖြစ်နိုင်တယ်။ Manus မှာ AI Agent ပါပြီးသားလေ သူက လူထက်တောင် reply ပြန်တာ ပိုကောင်းနိုင်သလို 24/7 Reply ပြန်တာမျိုး ကိုယ် Train ထားသလိုမျိုး Customer တစ်ယောက်ကို Sales Funnel Stage တစ်ခုစီကို လှလှ ပပ တောင် ရောက်အောင် ခေါ်သွားလို့ရနိုင်တယ်။
Report/Data တွေလုပ်နေတဲ့ သူတွေ အစား Manus ကို “ငါ Facebook Page Insight ကို ဖတ် ၊ အခြေအနေ ဘယ်လိုလဲ” မေး တာမျိုး Monthly Report တွေ ထုတ်ခိုင်းတာမျိုး ၊ ပြီးရင် အဲ Data တွေ ပေါ်မူတည်ပြီး နောက်လ Plan ဆွဲခိုင်းတာမျိုး ဖြစ်လာနိုင်တယ်။ (ဘယ်သူတွေ အလုပ်ကို နေရာယူသွားမလဲ ဆိုရင်တော့ မြန်မာပြည်မှာ Facebook Channel ကိုပဲ Marketing လုပ်တက်တဲ့သူတွေက သတိထားရမယ်)
ကျန်တာကတော့ Comment မှာ အမြင်လေးတွေ ဆွေးနွေးသွားကြပေါ့
