Meta + Manus ပြီးသွားတာနဲ့ ၂ လပဲကြာသေးတယ်။ ဒီတစ်ခေါက်တော့ OpenAI ဘက်ကနေ သတင်းကြီး တစ်ခုထပ် ထွက်လာပါပြီ။
Peter Steinberger ဆိုတဲ့ Developer တစ်ယောက်က သူ့ playground project တစ်ခုအနေနဲ့ ဆောက်ထားတဲ့ OpenClaw ကို OpenAI မှာ ဝင်ပြီး ဆက်တည်ဆောက်သွားတော့မယ်လို့ ကြေညာလိုက်ပါပြီ။
OpenClaw ဆိုတာ ဘာလဲ?
OpenClaw က Peter Steinberger ဆိုတဲ့ iOS Developer / Entrepreneur တစ်ယောက်ရဲ့ Open Source AI Agent Project တစ်ခုပါ။ သူ့ Origin Story က ရိုးရိုးလေးပါ —
“AI ကို စေ့စေ့ မလေ့လာဖူးသေးဘူး၊ ပျော်ဖို့ ဆောက်ကြည့်တာ၊ လူတွေကို inspire ဖြစ်စေချင်လို့”
တကယ်တော့ သူ့မှာ ကြီးကြီးမားမား Business Plan မရှိဘူး၊ Investor ရှာနေတာလည်း မဟုတ်သလို။ Playground project တစ်ခုအနေနဲ့ ဆောက်ကြည့်တာ Internet ပေါ်မှာ လူကြိုက်များတဲ့ Wave ကြီး ဖြစ်သွားတာပဲ။ အခု မြန်မာပြည်မှာ ဆိုလဲ ဒီအကြောင်းပြောနေတဲ့သူ ဆွေးနွေးနေတဲ့သူတွေ အများကြီးပဲ
ဘာကြောင့် OpenAI ကို ရွေးချယ်လိုက်တာလဲ?
Peter က ပြောပြပါတယ် —
“OpenClaw က Company ကြီး တစ်ခု ဖြစ်လာနိုင်တယ် ဆိုတာ မြင်တယ်။ ဒါပေမဲ့ ကျနော့်ကို ဒါ ရင်ခုန်တာမျိုး (Exciting) မဖြစ်ဘူး။ ကျနော်က Builder ပဲ။ Company ဆောက်တဲ့ Game ကို ၁၃ နှစ်လုပ်ပြီးပြီ။ ကမ္ဘာကိုပဲ ပြောင်းလဲချင်တာ၊ Company ကြီးဆောက်ချင်တာ မဟုတ်ဘူး။”
သူပြောထားတဲ့ အဓိပ္ပါယ် တိတိကျကျ မဟုတ်ပေမဲ့ ကျနော် ကတော့ အဓိက အချက်တွေပဲ ရွေးထုတ်ကြည့်ပြီး ခု စိတ်ထဲတွေးမိတာ ဒီ အတွေးပါပဲ။ ကျနော်တို့ Entrepreneur တွေ မကြာခဏ Trap တစ်ခုထဲကိုပဲ သွားသွားမိနေတက်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ –
- Company ကြီး တည်ထောင်ဖို့
- Funding ရှာမယ်
- Valuation မြင့်ဖို့ ကြိုးစားတာမျိုး
Peter က Impact ကို အမြန်ဆုံးနည်းလမ်း ဖြစ်ဖို့ ရွေးချယ်သွားပုံရတယ်။ သူပြောတာက San Francisco မှာ တစ်ပတ်ကြာ Major AI Labs တွေအများကြီးထဲမှာမှ Open AI ကိုပဲ ရွေးချယ်သွားတာပါ။ အကြောင်းအရင်းတွေက
1. Open AI ရဲ့ Vision က သူ့ Vision နဲ့ ကိုက်ညီတယ်လို့ ပြောတယ်
2. Latest Models နဲ့ Unreleased Research တွေ Access လုပ်ခွင့်ရမယ်
3. လူပေါင်းများစွာကို မြန်မြန် ရောက်ဖို့ လမ်းပေါက်တစ်ခုပဲ (ဆိုလိုတာ ဒီကနေ ဖြန့်လိုက်ရင် တန်းပြန့်မယ်ပေါ့ ChatGPT ကိုသုံးတဲ့ လူဦးရေက နည်းမှ မနည်းတာ)
သူရဲ့ Next Mission:
“ကျနော့် မေမေ တောင် သုံးနိုင်တဲ့ AI Agent တစ်ခု တည်ဆောက်မယ်”
ဒီ Quote လေးက ကျနော့်ကို အတော် Touch ဖြစ်စေတယ်။ AI က နည်းပညာနဲ့ကျွမ်းဝင်တဲ့သူ (Technical People) တွေပဲ သုံးနိုင်တဲ့ Tool ဆိုတဲ့ အတွေးအခေါ် (Mindset) ကို ဖျက်ပစ်ချင်တဲ့ Vision ပါ။
OpenClaw ရဲ့ နောက်ဆက်တွဲ
Peter Join လိုက်ပေမဲ့ OpenClaw က မပျောက်ဘူး —
- Open Source အဖြစ် ဆက်ရှိနေမယ်
- Foundation တစ်ခု အဖြစ် ပြောင်းမယ် (Company မဟုတ်ဘူး)
- OpenAI က Project ကို Sponsor လုပ်မယ်
- Community က ဆက် Contribute လုပ်လို့ ရမယ်
- Data Ownership က User မှာပဲ ရှိနေမယ်
ကျနော့်အမြင်
ဒီ Story တစ်ခုလုံးကနေ ကျနော် ၃ ချက် မြင်မိတယ်။
1. “Fun Project” တွေက ကမ္ဘာကို ပြောင်းနိုင်တယ်
Peter က Business Plan မဆွဲပဲ Fun ကြောင့် ဆောက်တာ Big Deal ဖြစ်သွားတာပါ။ ကျနော်တို့ Marketers တွေလဲ ပျော်ပျော်ပါးပါး စမ်းသပ်ကြည့်တာ တခါတလေ Breakthrough ဖြစ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။
2. Scale ကို ကြည့်ပြီး Partner ရွေးပါ
Peter က Money offer တွေ အများကြီး ရခဲ့မှာပါ။ ဒါပေမဲ့ “Impact ကို Fastest Way နဲ့ ရောက်နိုင်တဲ့ Partner” ကိုပဲ ရွေးချယ်ခဲ့တယ်။ ဒါ Business Decision တွေ ချတဲ့အခါ မှတ်ထားသင့်တဲ့ Framework ပါ။
3. AI Agent Era က တကယ် Real ဖြစ်နေပါပြီ
Tech Giants တွေ AI Agent Talent တွေကို ဝိုင်းဝယ်နေတာ Trend မဟုတ်ဘူး — Direction ပါ။ ကျနော်တို့ Marketing Agency တွေ Business တွေ AI Agent ကို Strategy ထဲ မထည့်ရသေးဘူးဆိုရင် ပြန်လည်စဉ်းစား လုပ်ဖို့ အချိန်ရောက်ပြီ။
