Meta က Manus AI ကို ဝယ်လိုက်ပြီး မကြာခင်မှာပဲ ဒီ Feaure ပေါ်လာတာပါ။ အဲဒီ Blog မှာလဲ Meta မှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာမျိုး ကျနော့် ခန့်မှန်းချက် ထင်ထားတာထက် စော မြင်လိုက်ရသလိုပါပဲ။ (အဲအကြောင်းဖတ်ရန်)
အခု Facebook Business AI ဆိုတဲ့ Customer Service Agent ကို Pages တချို့မှာ စတင် Roll out လုပ်နေပါပြီ။

မင်းရဲ့ Facebook Page မှာ Business AI ဆိုတဲ့ Menu ပေါ်နေပြီလား? ပေါ်နေရင် ဘာတွေ လုပ်လို့ရလဲ၊ ဘယ်လို Setup လုပ်ရမလဲ ပြီးတော့ Myanmar Business တွေ အတွက် အသုံးဝင်မလား — အသေးစိတ် ကြည့်ကြမယ်။

Business AI က ဘာလဲ?

Facebook Business AI က Meta ရဲ့ AI-powered Customer Service Agent တစ်ခုပါ။

ရိုးရိုးလေး ပြောရရင်

ကိုယ်တွေရဲ့ Facebook Page မှာ လာမေးတဲ့ Customer Messages တွေကို AI က Auto Reply လုပ်ပေးတာပါ။

AI က မင်းရဲ့ Business Info ကို သင်ယူပြီး Context နဲ့ ကိုက်တဲ့ Answers တွေ Generate လုပ်ပေးတဲ့သဘောပါပဲ။

Wai Yan – MarTech

Page တစ်ချို့မှာ ပွင့်နေတော့ သွား Detial ကြည့်မိလိုက်တဲ့အချိန် ဒီ Key Metrics လေးတွေ တွေ့ရတယ်

  • 6 AI conversations (မနေ့က AI က ဝင်ပြောသွားတဲ့ စာတွေ)
  • 0 Contacts with intent to buy
  • 0% Containment rate
  • “Teach your AI” section (1/5 progress)

ဒီ စာမျက််နှာမှာ လိုချင်တဲ့ ပုံစံ၊ Basic Info ၊ Price List (Google Sheet) နဲ့ချိတ်လို့လဲရတယ်၊ ဒါတွေက သေချာ သင်ပေးလိုက်ရင် အားကိုးရတဲ့ Page ကို Reply ပြန်ပေးမယ့် Customer Service AI Chat Agent တစ်ယောက်တော့ ဖြစ်လာမှာပါ။

ဘယ်လို Page အမျိုးအစားတွေ Access ရနေလဲ?

လက်ရှိ ကျနော့် လေ့လာကြည့်သလောက် သူက Rollout ကို အပိုင်းလိုက်ခွဲလုပ်နေတဲ့ပုံစံပါ။ ဆိုလိုတာက အချို့ Page တွေက ရနေသလို အချို့ Page တွေက မရသေးပါဘူး။ ဒါပေမဲ့ ဒီအောက်က အချက်တွေနဲ့ ကိုက်ညီနေရင် စောစော ရမယ့် အသုတ်ထဲ ပါနိုင်ပါတယ်။

  • Commerce features enabled (Shop, Checkout)
  • High message volume pages
  • Business Manager verified

ကိုယ့် Page မှာ ရမရ စစ်နည်း

Mobile ဖုန်းနဲ့သုံးတဲ့သူတွေ အတွက်တော့ Meta ရဲ့ Business Suite App ကနေ ကြည့်လို့ရပါတယ်။ အောက်ဆုံးမှာ Home, Content , + , Inbox , More ဆိုတာ ရှိပါတယ်။ More ကို နှိပ်လိုက်တာနဲ့ အောက်က Screenshot လို Business AI ကို မြင်ရမှာပါ။

Meta Business Suite App View

AI က ဖြေနိုင်တာတွေက ဒါတွေ ဖြစ်ဖို့ များမယ်

  • Product inquiries (Stock, price, features)
  • Business hours
  • Location & contact info
  • Shipping & delivery
  • Payment methods
  • Order status (if integrated)
  • Return/refund policies
  • General FAQ

Industry မှာ အပြောင်းအလဲ?

ကျနော့်ရဲ့ recommendation ကတော့ အချို့ အလုပ်တွေ တော်တော်သက်သာသွားနိုင်တယ်၊ ကျနော်တို့လို့ Marketing Industry ထဲမှာတော့ Community Management လို့ ခေါ်တဲ့ comment / reply ပိုင်းကို လုပ်နေရတဲ့ Junior Level တွေရဲ့ အလုပ်ကို အစားထိုး သွားနိုင်တယ်။ ဒါပေမဲ့ ဒီလို Business AI တွေကို Train ဖို့ Setup လုပ်ဖို့ အတွက် Community Manager Role လို့ Senior Level တွေတော့ ပိုလိုလာနိုင်တယ်။

သူတို့တွေက common sense ရှိပြီး ဒီ Community ဒီလုပ်ငန်း ဒီ Page မှာ User တွေက ဘာတွေ လိုချင်မလဲ ဘယ်လိုတွေ မေ့လေ့ရှိလဲဆိုတာကို ပြုစုပြီး ပိုကောင်းတဲ့ Customer Service AI ဖြစ်အောင် Teach/Train ပေးမယ့် သူတွေဖြစ်ဖို့တော့ လိုအပ်နိုင်တယ်။ အခု စာကို အဆုံးထိ ဖတ်ပေးတဲ့ သူတွေရော ဘယ်လို မြင်လဲ comment မှာ ဆွေးနွေးသွားလို့ရပါတယ်။