Facebook က မနေ့က feature အသစ်တစ်ခု ကြေညာလိုက်တယ် — Facebook Verified ပါ။
ဒါက ပိုက်ဆံပေးရတဲ့ Meta Verified (blue tick) မျိုး မဟုတ်ဘူး၊ အခမဲ့ badge တစ်ခုပါ။
လုပ်ပုံက ရိုးရှင်းတယ် —
selfie video တိုတိုတစ်ခု ရိုက်၊ ကိုယ့် profile ပုံနဲ့ တိုက်ကြည့်၊ ကိုက်ရင် ရပြီ။
မိနစ်အနည်းငယ်ပဲ ကြာမယ် (၁၈ နှစ်အထက်၊ account ကောင်းကောင်းသုံးထားသူ ဖြစ်ရမယ်)။
ရပြီဆိုရင် ဒီ badge က Marketplace, Groups, Dating, Profile တို့မှာ ပေါ်လာမယ်။
အဓိကကတော့ “ဒီ account က bot ဒါမှမဟုတ် fake မဟုတ်ဘူး၊ လူစစ်စစ်ပါ” လို့ တစ်ချက်ကြည့်ရုံနဲ့ သိအောင် လုပ်ပေးတာမျိုး ဖြစ်မယ်။
Business Owner တွေ သိထားသင့်တာ (3) ချက် —
၁။ ဒီ badge က Page အတွက် မရဘူး၊ personal profile အတွက်ပဲ။ ဒါကြောင့် ကိုယ့် business Page မှာ tick ပေါ်မယ် မထင်နဲ့။ ဒါပေမဲ့ မြန်မာ ရောင်းသူ အများစုက personal account နဲ့ Marketplace မှာ ရောင်းကြတော့ — ကိုယ့် personal profile ကို verify လုပ်ထားရင် customer ဘက်က ယုံကြည်မှု ပိုရနိုင်တယ်။
၂။ badge ရှိတိုင်း “လုံခြုံတယ်” လို့ မဆိုလိုဘူး။ Facebook ကိုယ်တိုင်က ပြောထားတာက ဒါက လူစစ်စစ်ဖြစ်ကြောင်း အတည်ပြုတာပဲ ဖြစ်ပြီး၊ အဲဒီ account ကို ယုံကြည်စိတ်ချရတယ်လို့ အာမ မခံဘူး တဲ့။ ဒါကြောင့် အရောင်းအဝယ် တစ်ခုခု ဝယ်တဲ့အခါ သတိတော့ ထားရဦးမယ်။
၃။ နောက်ပိုင်း ပြိုင်ပွဲတွေ/ Campaign တွေ လုပ်တဲ့အခါ ဝင်ပြိုင်တဲ့ ဝင် comment လုပ်တဲ့သူတွေက Bot လား ၊ ဝယ်ထားတာလား၊ လူအစစ်တွေလား ဆိုတာမျိုး ခွဲခြား လို့ရနိုင်တယ်။ ဟိုပြိုင်ပွဲ ဒီပြိုင်ပွဲတွေမှာ အမြဲတွေ့နေရတဲ့ Campaign Hunter တွေ လျော့သွားနိုင်တယ်။
ကျနော့် အမြင်ကတော့ — AI နဲ့ fake account တွေ များလာတဲ့ ခေတ်မှာ ဒါ ကောင်းတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါပေမဲ့ badge တစ်ခုတည်းကို အားကိုးလို့ မရသေးဘူး။ တစ်ခု သတိထားစရာက ဒီ feature ကို နိုင်ငံအလိုက် အဆင့်ဆင့် ဖြန့်နေတာမို့ မြန်မာမှာ ချက်ချင်း မရသေးတာ ဖြစ်နိုင်တယ် — ကိုယ့် app ထဲ ရောက်လာမှ စမ်းလို့ ရမယ်။

Comments