March 18 မှာ Facebook က Creator Fast Track ဆိုပြီး program အသစ် launch လိုက်တယ်။ ဒါက creator industry ထဲမှာ Creator တွေကို မျက်စိကျစေတဲ့ Program တစ်ခုလို့ပြောရမှာပါ။
ကျနော် ဒါကို စိတ်ဝင်စားတာက TikTok, Instagram, YouTube တို့မှာ creator အလုပ်လုပ်နေပြီး Facebook မှာတော့ audience မရှိသေးလို့ မလာတဲ့သူတွေအတွက် Facebook က Target ထားပြီး ဒီ program ကို လုပ်တာပါ။
Creator Fast Track ဝင်ရင် ဘာတွေရမလဲ
Program ဝင်တဲ့ creator တွေအတွက် အဓိက အချက် သုံးခု ရမယ်။
- Reels Reach ပိုရမယ် — Eligible reels တွေအတွက် reach ပိုပေးမယ်။ Follower မြန်မြန်တက်အောင် boost လုပ်ပေးမယ်။
- 3 လစာ အာမခံတဲ့ Pay — IG/TikTok/YouTube မှာ follower 100K ရှိရင် $1,000/month။ 1M ကျော်ရှိရင် $3,000/month ရမယ်။
- Content Monetization ချက်ချင်း ရမယ် — Program ဝင်လိုက်တာနဲ့ Facebook Content Monetization ကို immediate access ရမယ်။ Program ပြီးရင်လဲ ဆက်ဝင်နေရမယ်။
2025 မှာ Facebook က Creator တွေကို $3 Billion နီးပါး ပေးခဲ့တယ်
ဒါက ကျနော် အကြိုက်ဆုံး စိတ်ဝင်စားတဲ့ ကိန်းဂဏန်းပါ။ 2025 ခုနှစ်မှာ Facebook က creator monetization programs တွေကနေပြီး creator တွေကို စုစုပေါင်း ဒေါ်လာ 3 ဘီလီယံနီးပါး ပေးခဲ့တယ်။ ယခင်နှစ်ထက် 35% တိုးတက်ပြီး all-time high ဖြစ်ပါတယ်။
နောက်ပြီး Video တင်မှ မဟုတ်ပါဘူး။ Facebook Content Monetization က Reels, Stories, photo post, text post အကုန်လုံးနဲ့ ဝင်ငွေရနိုင်ပါတယ်။ 2025 total payout ထဲက 60% က reels ကနေပြီး ကျန် 40% က Stories, photos, text posts ကနေ သွားတယ်။ ဒါက ဘာကိုပြတာလဲဆိုရင် video production မလုပ်နိုင်တဲ့ creator တွေအတွက်လဲ photo/text post တွေနဲ့ ဝင်ငွေရနိုင်တယ်ဆိုတာပါပဲ။
Metric အသစ်တွေ — Creator တွေအတွက် သိထားသင့်တဲ့ အချက်
Facebook Content Monetization က content performance ပေါ်မူတည်ပြီး creator တွေကို ပေးတာပါ။ အခု နောက်ပိုင်းမှာ original content, deeper engagement, longer watch time, qualified views တွေကို ပိုပြီး reward လုပ်မယ်လို့ ပြောပါတယ်။ Creator တွေ ကိုယ့်ဝင်ငွေ နားလည်အောင် metric အသစ်တွေလဲ မိတ်ဆက်လိုက်ပါတယ်။
- Qualified View — ကိုယ့် content ကို ကြည့်ရှုတဲ့ view ထဲက ငွေရနိုင်တဲ့ view ဘယ်လောက်ရှိလဲဆိုတာ ပြတာပါ။
- Earnings Rate — Qualified view 1,000 ခုလျှင် ခန့်မှန်းဝင်ငွေ ဘယ်လောက်ရမလဲဆိုတာ ပြတာပါ။ YouTube သုံးဖူးတဲ့သူတွေဆို RPM (Revenue Per Mille) လို့ သဘောတူပါပဲ။
- Non-Qualified Views — ဘာကြောင့် qualify မဖြစ်တာလဲဆိုတာ breakdown ပြပေးမယ်။ ဒါဆို content strategy ပြင်လို့ရပါတယ်။
ဒါတွေက creator တွေအတွက် တကယ်အသုံးဝင်ပါတယ်။ ဘယ် content က ဝင်ငွေရတယ်၊ ဘယ် content က မရတာလဲဆိုတာ data-driven ဖြစ်လာပါပြီ။
Myanmar Creator တွေအတွက် ဘာသိထားသင့်လဲ
ဒါကတော့ ကျနော်အမြဲပြောချင်တဲ့အပိုင်းပါ။ ဒါ program က လက်ရှိအချိန်မှာ ကျနော်တို့ Myanmar creator တွေအတွက် eligible ဖြစ်မဖြစ် သေချာမရှိသေးပါဘူး။ Facebook Content Monetization ကိုယ်တိုင်က applyလုပ်ရမှာ ဖြစ်ပြီး country availability ကလဲ ကန့်သတ်ချက်ရှိပါတယ်။
ဒါပေမဲ့ ဒါက Myanmar creator တွေအတွက် signal ကောင်းတဲ့ အချက်တွေပါပဲ —
- Facebook က creator economy မှာ investment တိုးလာနေတယ်။ Global trend ဖြစ်ပြီး နောင်နှစ်တွေမှာ market တိုးချဲ့လာနိုင်ပါတယ်။
- Video တင်မှ မဟုတ်ပါဘူး။ Photo, text post နဲ့လဲ monetize ရနိုင်တာဖြစ်လို့ production resource နည်းတဲ့ creator တွေအတွက်လဲ အခွင့်အရေးရှိပါတယ်။
- Metric အသစ်တွေက transparency ပိုပေးတယ်။ YouTube လို data ကြည့်ပြီး optimize လုပ်လို့ရပါပြီ။
- Myanmar မှာ Facebook user base ကြီးတာ အားလုံး ရှိပါတယ်။ Audience ရှိတဲ့နေရာမှာ monetization ဖွင့်လာရင် အဆင်သင့်ဆုံးပါ။
ကျနော့် Opinion
ရိုးရိုးသားပြောရရင် Facebook က creator တွေကို guaranteed pay ပေးပြီး platform ပေါ်ခေါ်လာတာက သူတို့ရဲ့ TikTok နဲ့ YouTube ကို challenge လုပ်နေတာ သိသိသာသာပါပဲ။
Myanmar creator တွေအတွက်တော့ အခုကတည်းက monetization eligible မဖြစ်သေးပေမဲ့ Facebook ပေါ်မှာ audience build လုပ်ထားတာကိုတော့ ဆုံးရှုံးမှု့ မရှိပါဘူး။ Myanmar မှာ Facebook user base ကြီးတာ အားလုံး ရှိပါတယ်။ Audience ရှိတဲ့နေရာမှာ monetization ဖွင့်လာရင် အဆင်သင့်လုပ်ထားတာ ကောင်းပါတယ်။
Creator Fast Track အကြောင်း ပိုသိချင်ရင် creators.facebook.com/creator-fast-track မှာ သွားကြည့်နိုင်ပါတယ်။
